x
Whitening

Laser Whitening အကြောင်းသိကောင်းစရာ

သင့်သွားတွေ ဝါနေလို့ အရောင်မွဲနေလို့ စိတ်ညစ်နေပါသလား ??  မိမိကိုယ်ကိုယုံကြည်ချက်ရှိရှိ ပြုံးနိုင်ဖို့ ဖြူဖွေးလှပတဲ့သွားလေးတွေက

Laser Whitening

အရမ်းအရေးကြီးတဲ့ကဏ္ဍမှာပါဝင်နေပါတယ်... ကျွန်တော်တို့ ဘဝတစ်လျှောက်လုံးမှာ အစားအသောက်မျိုးစုံ နှစ်ပေါင်းများစွာစားသောက်လာတဲ့အတွက် သွားလေးတွေက အရင်ထက်ဝါလာတာ အရောင်မှိန်လာတာ ကြုံနေရတတ်ပါတယ်(အထူးသဖြင့် ကော်ဖီ၊ Shark ၊ Coke ၊ Red Bull ၊ ဝိုင် ၊ ဆေးလိပ်တွေကြောင့်ပိုဖြစ်တတ်ပါတယ်)
ဒါပေမယ့် အဲဒီ့ပြဿနာကို Laser Whitening က သင့်ကိုကူညီပေးပါလိမ့်မယ်...

 

Laser Whitening

Laser Tooth Whitening ဆိုတာဘာလဲ??
?ဆေးခန်းမှာ တစ်နာရီခန့် အချိန်ပေးရုံနဲ့ သင့်လက်ရှိသွားအရောင်ထက်သုံးဆပိုဖြူတဲ့ သွားအရောင်ကိုရရှိနိုင်မှာပါ...
ကုသမှုမခံယူခင်သင့်လက်ရှိသွားအရောင်ကို Shade Guide နဲ့တိုင်းထားမှာပါ..ထို့နောက် Tooth Whitening Agent ကိုသင့်သွားမျက်နှာပြင်တွေမှာ သုတ်လိမ်းပြီး အဆင့်မြင့် Laser နည်းပညာနဲ့ အလင်းပေးပြီး ဖြူစေမှာပါ...ပြီးလျှင်တော့ရလာမယ့် result ကို ယခင်တိုင်းထားတဲ့ Shade Guide နဲ့ယှဉ်ပြပေးမှာပါ ခင်ဗျာ..

ဘယ်လောက်ခံပါသလဲ???
?ထိရောက်မှုက တစ်ယောက်နဲ့တစ်ယောက်မတူပေမယ့်
ယေဘူယျအားဖြင့် တစ်နှစ်ခွဲမှ နှစ်နှစ်ခန့် ကြာရှည်ခံပါတယ်...အကယ်၍သင်ဟာ ကော်ဖီ လ္ဘက်ရည် Energy Drinks တွေကိုနှစ်နှစ်ခြိုက်ခြိုက်သောက်သုံးတ်တဲ့သူဆိုရင်တော့ သောက်ပြီးတိုင်းပလုပ်ကျင်းပေးဖို့လိုပါတယ်...မဟုတ်ရင်တော့ ကာလအနည်းငယ်အတွင်း အရောင်ပြန်မှိန်သွားမှာပါ...

ဆိုးကျိုးတွေရှိပါသလား???
?အသုံးပြုတဲ့ဆေးအမျိုးအစားနဲ့ လူနာရဲ့သွားကြွေလွှာ အမျိုးအစားပေါ်မူတည်ပြီး သွားကျဉ်တာ သွားဖုံးသားတွေနီရဲလာတာ စပ်တာတွေဖြစ်တတ်ပါတယ်...ဒါပေမယ့် ကျွန်တော်တို့ဆေးခန်းမှာ သုံးထားတဲ့ Tooth Whitening Agent ကတော့ Korea နိုင်ငံထုတ် High Quality Product ဖြစ်တဲ့အတွက် သင့်သွားနဲ့သွားဖုံးများအတွက် သွားလည်းမကျဉ် မည်သည့်ဘေးဥပါဒ် အန္တရာယ်မှ မရှိစေကြောင်း အာမခံပါတယ် ခင်ဗျာ...

Laser Tooth Whitening ကိုလူတိုင်းလုပ်လို့ရပါသလား???ဒီ Treatment က သွားအပေါ်ယံမျက်နှာပြင်မှာ စွန်းထင်းနေတဲ့ အရောင်တွေကိုသာ ဖယ်ရှားဖြူစင်စေနိုင်ပြီး သွားအတွင်းပိုင်းမှ နဂိုကထဲကရှိနေတဲ့ Intrinsic factors တွေ သွားအက်ကြောင်းတွေကိုတော့ မဖယ်ရှားနိုင်ပါဘူးခင်ဗျာ...ဒါ့အပြင် သွားကြွေလွှာအားနည်းတဲ့သူတွေမှာတွေ့ရတတ်တဲ့ သွားပေါ်မှာ အရောင်ကွက်တွေ ဖြစ်နေတာတွေကိုလည်း မဖယ်ရှားနိုင်ဘဲ သွားကြွေလွှာဓာတ်အားနည်းတဲ့အတွက် မည်မျှကောင်းတဲ့ product အသုံးပြုသည်ဖြစ်စေ သွားကိုအနည်းငယ် ကျဉ်စေနိုင်ပါတယ်ခင်ဗျာ... 
?ဒါပေမယ့် စိတ်မညစ်ပါနဲ့ခင်ဗျာ...ထိုကဲ့သို့သောသူများအတွက် Laser Teeth Whitening Treatment အစား သွားကြွေလွှာကပ်ခြင်း ( Veneers ) ကိုရွေးချယ်ကုသပြီး လှပညီညာဖြူဖွေးတဲ့ သွားလေးတွေကိုရယူနိုင်ပါတယ်ခင်ဗျာ....

သွားဖြူအောင် ကုသခြင်းအတွက် အမေးအများဆုံး မေးခွန်း များ

? ဘယ်အရာတွေ က သွားကို ဝါစေတာ လဲ?
? သွားဝါစေတဲ့ အကြောင်းတရားတွေက
အသက်ကြီးလာတာ၊ အ ရောင်ပါတဲ့ အစားအစာ တွေစားတာ ၊ Flouride ဓာတ်များတာ ၊ Tetracycline Stain တွေကြောင့် သွားဝါစေပါတယ်။

? Tooth Withening က ဘယ်လို လုပ်ဆောင်တာလဲ?
? သွားဖြူအောင် ကုသ တဲ့ ဆေးမှာ အဓိက ပါဝင်တာ က Hydrogen Peroxide သို့ Carbamide peroxide ပါ။ သွား ရဲ့ ကြွေလွှာ အတွင်း ကို စိမ့်ဝင် ပြီး အရောင် တွေကို အန္တရာယ် အကင်းဆုံး ဖယ်ရှားပေးပါတယ်။

? ဘယ်လို လူတွေ ကုသမှု မခံယူ သင့်ဘူးလဲ?
? အောက်ဖော်ပြပါ လူနာများ ကုသမှုမလုပ်သင့်ပါ ?
⚠️ နို့တိုက်မိခင်
⚠️Fluoride ဓာတ် လွန်ကဲ ပြီးသွား ကြွေလွှာ ပျက်စီးနေသော အခြေအနေ
⚠️ရေစီး ကမ်းပြို ရောဂါ ခံစား နေရသူတွေ
⚠️သွားညှိကုသမှု ခံယူနေသူတွေ
⚠️၁ လအတွင်း ခံတွင်းခွဲစိတ် ကုသမှု ခံယူထားသူတွေ
⚠️သွားပိုးစား နေသူတွေ
⚠️Peroxide allergy ရှိသူတွေ
⚠️၁၃ နှစ်အောက် ကလေး ငယ်များ

? ဘယ်လို သူတွေ သွားဖြူ အောင် ကုသ မှုခံယူသင့်သလဲ?
? ဆွဲဆောင်မှုရှိပြီးတောက်ပတဲ့ အပြုံးလေးတွေပိုင်ဆိုင်လိုသူတိုင်း သွားဖြူအောင် ကုသမှု ခံယူသင့်ပါတယ်။

? သွားစွပ်ထားတယ် ၊ Veneer ပြုလုပ်ထားတယ် ၊
သွားဖာ ထားတယ် ဆိုရင် သွားဖြူအောင် ပြုလုပ် ခြင်း က ထိရောက် မှုရှိပါသလား?
? အထက်ပါ အခြေအနေ များ တွင် သက်ရောက် မှု မရှိနိုင်ပါ။ မူလ သွား Natural ကို သာ ဖြူအောင် ပြုလုပ်နိုင်ပါတယ်။

? Side Effect ရှိလား?
? သွားဖြူအောင် ကုသ ခြင်း ရဲ့ အဖြစ်များဆုံး က တော့ သွားကျင်ခြင်း နှင့် သွားဖုံး ရောင် ခြင်း ဖြစ်ပါတယ်။ ကုသမှု ခံယူ နေစဉ် နှင့် ကုသပြီး ၂၄ နာရီ အတွင်း ခံစားရတတ်ပါတယ်။

? Tooth withening က Safe ဖြစ်လား?
? နှစ်ပေါင်း များစွာ လေ့လာ ချက် များအရ အသုံးပြုနည်း မှန်ကန် လျှင် Safe ဖြစ်ပါတယ် ခင်ဗျာ။

? ဘယ်လောက် ကြာကြာခံလဲ?
? တစ်ယောက် နှင့် တစ်ယောက် စားသုံးမှု ပုံစံပေါ် မူတည် ၍ ကွဲပြားနိုင်ပါတယ်။ ပုံမှန် အားဖြင့် ၆ လ မှ ၂ နှစ် ခန့်ခံပါတယ်။ လိုအပ်ပါ က ဆရာဝန် က ၆ လ တစ်ခါ Booster ကုသ မှု ခံယူနိုင်ပါတယ်။

? ကုသမှုကြာချိန်?
? ပုံမှန်အားဖြင့် ၁ နာရီ အတွင်း ပြီးပါတယ် ။

? တခြား ဘယ်ကုသ မှု နဲ့တွဲပြီး ကုသ မှု ခံယူသင့်သလဲ။
? Scaling + Polishing ပါ ။ သန့်ရှင်းနေသော သွားမျက် နှာပြင် မှာ Whitening ပြု လုပ် ခြင်း က ပိုမို ကောင်းမွန်သော Result ကို ရရှိ စေပါတယ်။

ဒီလောက် ဆို Whitening နဲ့ပတ်သတ် တာ လေး တွေ သိ လောက် ပြီ ထင်ပါတယ်။

နောက် အပတ် သောကြာ နေ့ ည ၉ နာရီ မှာ လည်း
သွားနှင့်ပတ်သတ်သော အမေးအဖြေကဏ္ဍ ကို တင်ပေးသွား မှာ ဖြစ်တဲ့အတွက် Page ကို Like & See First ပြုလုပ်ထား စေလိုပါတယ်။

The Grand Dental Clinic

You can find our clinic at the following locations:

  • Inside the Car Park of Hotel Stadium, 369 Laydaungkan Road, Yangon, Myanmar.

  • No. 111, at the corner of Thityarpin Street and Thityarpin Lane (3), Thuwanna VIP 1 Ward, Thingangyun Township, Yangon, Myanmar.

  • No. (8/77) on 43rd Street, between 66th and 67th Street, Mahar Aung Myay Township, Mandalay, Myanmar.

 

+959 400 949 491 (YGN), +959 400 946 633 (YGN), +959 400 949 492 (MDY)